Sunday 9 October 2011

ကချင်ပြည်နယ်တိုက်ပွဲသတင်းနှင့်ပေါက်ကွဲမှုသတင်း-အောက်တို(၈)ရက်

- ကေအိုင်အိုအစိုးရ၏ တပ်စု (၂၅) တပ်ဖွဲ့မျာနှင့် ပြည်သူ့စစ်တပ်များပူးပေါင်းတပ်ဖွဲ့သည် အစိုးရစစ်တပ်နှင့် ဒေါ့ဖုန်းယန်ရွာ တွင် အောက်တိုဘာ (၇) ရက်နေ့မှ စတင်ပြီး ယခု အချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်းသိရှိရ။
- ယနေ့ အစိုးရစစ်တပ်မှ ကေအိုင်အိုအစိုးရ ထောင်ထားသော မြေမြုပ်မိုင်း (၂) လုံး နင်းမိပေါက်ကွဲဖြစ်ပွားခဲ့။ အတွင်းသတင်းများ ဆက်လက်စုံစမ်းနေဆဲ။
- ကချင်ပြည်နယ် ဟိုပင်တွင် ယမန်နေ့ည (၇)နာရီ ခွဲခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရ။ ဟိုပင်ဈေးအနီးတွင် ဖြစ်ပြီး၊ ရထားလမ်းကို ဖောက်ခွဲမှုဖြစ်ကြောင်း၊ ရထားလမ်း (၁၀)ပေခန့် ပျက်စီးသွားကြောင်းသိရှိရသည်။ ယခင်လ များတွင်လည်း ယခုကဲ့သို့ ဟိုပင်မြို့ မြစ်ကြီးနားရထားလမ်းကြောင်း တစ်နေရာတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရ။
- မှုံးဂူးရွာတွင်လည်း လွန်ခဲ့သော အောက်တိုဘာ (၄) ရက် နေ့၌ ဗုံး (၂) လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း။ တရားရုံးရှေ့တွင် တစ်လုံးနှင့် အလယ်ရှိ ရုံးတစ်ရုံး ရှေ့တွင်ဖြစ်ပွားသော ပေါက်ကွဲမှု၌ တစ်ဦးသေဆုံးသွားကြောင်း၊ အစိုးရမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြည့်ရှုခွင့် မပေးပဲ၊ မြုပ်နှံလိုက်ကြောင်း ရှိရပါသည်။ (jpks)

No comments: